Thursday, November 27, 2008

အ (ဒ ၊ ဓ) - အဒါန၀တ္ထု ၁၀-ပါး။ မှ အဓွန့် ၃-ပါး။

အဒါန၀တ္ထု ၁၀-ပါး။ ။ ၎င်းင်းအဖြေကို (အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး)၌ ရှုပါ။ (မိလိန္ဒပဥှာ၌ လာ၏။)

အဒိန္နာဒါန် အင်္ဂါ ၅-ပါး။ ။ ခိုးမှုကံမြောက်အင်္ဂါ ၅-ပါး။
(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊
(၅) တေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။

အဒိန္နဒါန်၊ ပြစ်မျိုးကံ၊ ထည့်ပြန် ၁၂-ပါး။ ။ သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက်သူတို့ ရရှိခံစားမှုအပြစ်မျိုး ဆယ့်နှစ်ပါး။ (ခုဒ္ဒကပါဌ အဋ္ဌကထာမှ)
(၁) မြတ်သောဥစ္စာမျိုး မရရှိခြင်း၊
(၂) ယုတ်ညံ့သည့်ဥစ္စာမျိုးကိုသာရရှိခြင်း၊
(၃) ပစ္စည်းဥစ္စာနည်းပါးခြင်း၊
(၄)အလွန်ဆင်းရဲမွဲတေခြင်း၊
(၅) မရသေးသောဥစ္စာကိုမရခြင်း၊
(၆) ရရှိပြီးစည်းစိမ်များ ဆုတ်ယုတ်ပျက်စီးခြင်း၊
(၇) လိုရာဥစ္စာကို မရနိုင်ခြင်း၊
(၈) ရန်သူမျိုးငါးပါးနှင့်သာ ဆက်ဆံတွေ့ကြုံရခြင်း၊
(၉) သူတစ်ပါးနှင့်ဆက်ဆံသောဥစ္စာမျိုးကိုသာရခြင်း၊
(၁၀) မရှိစကားကိုသာကြားရခြင်း၊
(၁၁) ချမ်းသာစွာမနေရခြင်း၊
(၁၂) လောကုတ္တရာ ဥစ္စာကိုမရနိုင်ခြင်း။

အ ဓမ္မ၀တ္ထု ၁၀-ပါး။ ။ ဒုတိယ သံဃာယနာဖြစ်ပေါ်လာခြင်း၏ မူလအကြောင်းဆယ်ပါးဟူ၏၊
ဝဇ္ဇီတိုင်းသားရဟန်းအချို့၏မှားသောအယူသာဖြစ်၍ မအပ်သောအရာဝတ္ထုဆယ်ပါးဟုမှတ်လေ။
(၁) အကပ်ခံပြီးသားဦးချို၌သိုမှီးထားသောဆားကို နောက်နေ့အခါဆွမ်းနှင့်ရော၍ သုံးဆောင်ခြင်းငှာအပ်၏၊ သန္နိဓိ မဖြစ်ဟုယူခြင်း၊
(၂) နေရိပ် လက်နှစ်သစ်မွန်းလွဲသည့်တိုင်အောင် ဆွမ်းစားကောင်း၏၊ ၀ိကာလဘောဇနာ မဖြစ်ဟုယူခြင်း၊
(၃) ရွာတစ်ပါးသို့သွားလိုသောရဟန်းသည် ပ၀ါရိတ်သင့်လျက် အတိရိက်ဝိနည်းကံ မပြုပဲဆွမ်းစားခြင်းငှာ အပ်၏ဟုယူခြင်း၊
(၄) တစ်သိမ်တည်း၌နေလျက် ၂-စု ၃-စုသောရဟန်းတို့ ဥပုသ် ပ၀ါရဏာ စသော ကံပြုခြင်းငှာအပ်၏၊ ၀ဂ် မဖြစ်ဟုယူခြင်း၊
(၅) မလာသေးသောရဟန်းတို့၏အလိုဆန္ဒကို လာသောအခါမှယူအံ့ဟု မလာမှီက သံဃကံပြုခြင်းငှာ အပ်၏ဟုယူခြင်း၊
(၆) ဆရာဥပဇ္ဈာယ်တို့၏အလေ့အကျင့်ဟူသမျှသည် အပ်၏ဟုယူခြင်း။
(၇) နို့ရည်အဖြစ်လွန်၍ နို့ဓမ်းအဖြစ်သို့မရောက်သေးသော နို့ကို ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံမပြုဘဲ သုံးဆောင်အပ်၏ဟုယူခြင်း၊
(၈) မရင့်သေးသော သေနုကိုသောက်ခြင်းငှာ အပ်၏ဟုယူခြင်း၊
(၉) အမြိတ်ဆာ မရှိသော နိသီဒိုင်သည် အပ်၏ဟုယူခြင်း၊
(၁၀) သံဃာကိုရည်၍လှူသော ရွှေငွေသည်အပ်၏ဟုယူခြင်း။

အဓမ္မိက ဒါနမျိုး ၉-ပါး။ ။ ၀ိနည်းပိဋက။ ပရိဝါ။ ပါ။ ၂၄၅။ ၎င်းင်း။ ဋ္ဌ။ ၁၈၁။ အလှူရှင်များစိတ်ညွတ်ပြီးသားကိုပင် အလှူပွဲစားများက ၀င်ရောက်နှောင့်ယှက် စွက်ဖက်ဖျက်ဆီးမှုကြောင့် အလှူရှင်များ စိတ်ထားမငြိမ်ဖြစ်ကာ မလုပ်သင့်ရာတွေလုပ်ရကား အဓမ္မိကဒါနဖြစ်သည်ဟူ၏၊ ယင်းအလှူမျိုးကိုမပေးလှူကောင်း
(က) သံဃ ပရိဏတ ခေါ်ဤသံဃာသို့လှူရန်ညွတ်ပြီးသော ၀တ္ထုပစ္စည်းကို
(၁) အခြားသံဃာအားလည်းကောင်း၊
(၂) စေတီအားလည်းကောင်း၊
(၃) ပုဂ္ဂိုလ်အားလည်းကောင်း ပေးလှူလိုက်ခြင်း။
(ခ) စေတိယ ပရိဏတ ခေါ် ဤစေတီကိုလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို
(၁) အခြားစေတီအားလည်းကောင်း၊
(၂)သံဃာအားလည်းကောင်း၊
(၃) ပုဂ္ဂိုလ်အားလည်းကောင်း၊ ပေးလှူလိုက်ခြင်း။
(ဂ) ပုဂ္ဂလ ပရိဏတ ခေါ် ဤပုဂ္ဂိုလ်သို့ပေးလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို
(၁) အခြား ပုဂ္ဂိုလ်အား လည်းကောင်း၊
(၂) သံဃာအားလည်းကောင်း၊
(၃) စေတီအားလည်းကောင်း ပေးလှူလိုက်ခြင်း။

အဓိကရုဏ်းမျိုး ၄-ပါး။ ။ ရဟန်းတော်များနှင့်သက်ဆိုင်သော ကိစ္စကြီး ၄-ပါးဟူလို။ စူဠ၀ါ ပါဠိတော်မှ
(၁) ၀ိဝါဒါဓိကရုဏ်း- တစ်စုံတစ်ခုသောအမှုကိစ္စကို တစ်ဦးသောရဟန်းဘက်မှ ဓမ္မ (တရားလမ်းမှန်ဟုဆိုလိုသည်၊)တဘက်သောရဟန်းကအဓမ္မ (မတရားဟုဆိုလိုသည်၊) ဤသို့လျှင်အချင်းချင်း ၀ိနယ, အ၀ိနယ၊ ဘာသိတ, အဘာသိတ၊ အာစိဏ္ဏ, အနာစိဏ္ဏ၊ ပညတ္တ, အပညတ္တ၊ အာပတ္တိ, အနာပတ္တိ၊ ဂရုက, လဟုက၊ သာဝသေသ, အနာဝသေသ၊ ဒုဋ္ဌုလ္လ, အဒုဋ္ဌုလ္လဟု ၀ိဝါဒ၀တ္ထု ၁၈-ပါးဖြင့် အငြင်းအခုံဖြစ်ကြသည်ကို "၀ိဝါဒါဓိကရုဏ်း" ခေါ်ဆိုသည်။
(၂) အနုဝါဒါ ဓိကရုဏ်း- အနုဝါဒါဝတ္ထု ၇-ပါးတို့တွင်တစ်ပါးပါးသော အာပတ်ဖြင့် ရဟန်းအချင်းချင်း စွပ်စွဲ စောဒနာမှုကိုပင် "အနုဝါဒါဓိကရုဏ်း"ဟုခေါ်ဆိုသည်၊ (အာပတ် ၇-ပုံကို အနုဝါဒ၀တ္ထု ၇-ပါးဟုမှတ်)၊
(၃) အာပတ္တာ ဓိကရုဏ်း-ရဟန်းတို့တွင် တစ်ပါးပါးသော အာပတ်သင့်မှုသင့်ခြင်းကိုပင် "အာပတ္တာဓိကရုဏ်း" ဟုခေါ်သည်၊
(၄) ကိစ္စာဓိကရုဏ်း- အပလောကနကံ ဉတ္တိကံ ဉတ္တိဒုတိယကံ ဉတ္တိစတုတ္ထကံ ဤလေးပါးသော ကမ္မကိစ္စကိုပင် "ကိစ္စာဓိကရုဏ်း" ခေါ်သည်ဟု အကျဉ်းမှတ်လေ။

အဓိစိတ္တ သိက္ခာမျိုး ၂-ပါး။ ။ လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန် မဂ် ဖိုလ်တရားနှင့်နီးကပ်သော ယှဉ်၍ဖြစ်သောအကျင့်ဓါတ်၂-ပါးဟူလို၊ (ပိဋကအားဖြင့် သုတ္တန်ပိဋကကိုရ၏၊)
(၁) ဥပစာရ သမာဓိသိက္ခာ- ၀ိပဿနာဥာဏ်၏ဖြစ်ပေါ်ကြောင်း "ကာမာဝစရသမာဓိ"ခေါ် တည်ကြည်သော စိတ်သဘောသို့မဟုတ် အပ္ပနာ၏ ရှေ့အဖို့၌ဖြစ်သော ဧကဂ္ဂတာ စေတသိက်၊
(၂) အပ္ပနာ သမာဓိသိက္ခာ- ရူပါဝစရ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ပဉ္စမဈာန်တို့၌ရှိသော ဧကဂ္ဂတာခေါ် သမာဓိတို့သည် အပ္ပနာသမာဓိတို့ပင်တည်း။

အဓိဒေ၀ ဥာဏဒဿန တရား ၈-ပါး။ ။ နတ်ဗြဟ္မာတို့၏တန်ခိုးကို လွှမ်းမိုး၍သိစွမ်းနိုင်သော ဘုရားရှင်၏ ဥာဏ်တော်ရှစ်ပါး။
(၁) နတ်တို့၏အရောင်အ၀ါကိုသိစွမ်းနိုင်ခြင်း၊
(၂)နတ်တို့၏အဆင်းကို မြင်စွမ်းနိုင်ခြင်း၊
(၃) နတ်တို့နှင့်အတူ နှီးနှောပြောဆိုနိုင်ခြင်း၊
(၄)လာသောနတ်တို့၏အမျိုးအမည် ဘုံဌာနကို သိစွမ်းနိုင်ခြင်း၊
(၅) ဖြစ်လာကြသောနတ်တို့၏ ဘ၀ရှေးကံအကြောင်းရင်းကို သိစွမ်းနိုင်ခြင်း၊
(၆) နတ်တို့၏ အစာအာဟာရ ခံစားစံစားမှု ကိစ္စအ၀၀တို့ကိုသိစွမ်းနိုင်ခြင်း၊
(၇) နတ်တို့၏ဘုံဌာနအလိုက်မည်၍မည်မျှတည်နေနိုင်ကြောင်းသက်တမ်းအစားစားကို ပိုင်းခြားသိစွမ်းနိုင်ခြင်း၊
(၈) မိမိသည် ဤနတ်တို့နှင့် ရှေးဘ၀ကအတူတကွနေထိုင်ခဲ့ဖူးသည် မနေခဲ့ဖူးသည်တို့ကိုသိစွမ်းနိုင်ခြင်း။

အဓိပညာ သိက္ခာမျိုး ၃-ပါး။ ။ သစ္စာလေးပါးကို ပိုင်းခြားဧကန် သိမြင်နိုင်ရန် ဆင်ခြင်ဥာဏ်တရား ၃-ပါး၊ ပိဋကအားဖြင့် အဘိဓမ္မာ ပိဋကကို ရ၏။
(၁) အနိစ္စလက္ခဏာ- မမြဲသောသဘောမှန်ကို မမြဲဟုဧကန်သိသောဥာဏ်၊
(၂) ဒုက္ခလက္ခဏာ- ဆင်းရဲသောသဘောမှန်ကို ဆင်းရဲဟုဧကန်သိသောဥာဏ်၊
(၃) အနတ္တလက္ခဏာ-မိမိç မိမိဥစ္စာမဟုတ် မအုပ်စိုးနိုင် မပိုင်ဆိုင်သောသဘောမှန်ကို အစိုးမရဟု ဧကန်သိသောဥာဏ်၊ တစ်နည်းတုံ သစ္စာလေးပါးမြတ်တရားတို့ကို ပိုင်းခြားဧကန် အမှန်သိမြင်နိုင်သော မဂ်ပညာ ဖိုလ်ပညာပင်တည်း။

အဓိပေတယ် တရားမ်ိဳး ၃-ပါး။ ။ ကမ္ဘာသားတို့လိုက်နာရမည့်တရားသုံးပါး၊ ၎င်းင်းအဖြေကို (ရိုသေခြင်းမျိုး ၃-ပါး)၌ ပြမည်၊ သင်္ဂီတိသုတ်အဋ္ဌကထာမှ။

အဓိမာန လေမျိုး ၅-ပါး။ ။ ၎င်းင်းအဖြေကို (လေမျိုး ၈၀ « ဇ» ပိုဒ်)၌ ရှုပါလေ။

အဓိသီလ သိက္ခာမျိုး ၄-ပါး။ ။ လူတို့ကျင့်သုံးဆောက်တည်လေ့ရှိသော ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလထက် ပိုမိုလွန်ကဲများပြားမွန်မြတ်သောသီလလေးပါး၊ ပိဋကအားဖြင့် ၀ိနယပိဋကကိုရ၏။
(၁) ပါတိမောက္ခသံဝရသီလ- ၂၂၇-ပါးသော ၀ိနယသီလခေါ် သိက္ခာပုဒ်တော်များကိုစောင့်ထိန်းလုံခြုံစေခြင်း၊
(၂) ဣန္ဒြိယသံဝရသီလ-ဣနြေ္ဒခြောက်ပါးတံခါးပေါက်ကို စောင့်ရှောက်လုံခြုံစေခြင်း၊
(၃) အာဇီဝ ပါရိသုဒ္ဓိသီလ- အသက်မွေးဝမ်းကြောင်း၏စင်ကြယ်ရာစင်ကြယ်ကြောင်းဖြစ်သော ကုလဒူသန ၈-ပါး အနေသန ၂၁-ပါးတို့မှ ဝေးစွာကြဉ်ရှောင်စောင့်ထိန်းခြင်း၊
(၄) ပစ္စယ သန္နိဿိတ သီလ- တရားသဖြင့်ရထားသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ၎င်းင်းပစ္စည်းလေးပါးကိုသုံးဆောင်မှီဝဲသောအခါ ပစ္စဝေက္ခဏာဆင်ခြင်ခြင်း။

အဓွန့် ၃-ပါး။ ။ ပဋိစ္စ သမုပ္ပါဒ်လာ သံသရာခရီးလမ်းရှည်ကြီး ၃-ပါး၊
(၁) အတိတ်အဓွန့်- အ၀ိဇ္ဇာ သင်္ခါရ ၂-ပါး၊
(၂) ပစ္စုပ္ပန်အဓွန့် - ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘ၀ ၈-ပါး၊
(၃) အနာဂတ်အဓွန့် - ဇာတိ ဇရာ မရဏ ၃-ပါး။

Print this post

No comments: